တိုကျို   ဖေဖော်ဝါရီ   ၁၀

ဂျပန်နိုင်ငံ အရှေ့ပိုင်းဒေသများ၌ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက် များတွင် ဆီးနှင်းများ ထူထပ် စွာ ကျဆင်းမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ တိုကျိုတွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းနိုင်သည့်အပြင် ကန်တိုတောင်ပိုင်း လွင်ပြင်ဒေသများတွင်လည်း ဆီးနှင်းများထူထပ်စွာကျဆင်းနိုင်ကြောင်း ခန့်မှန်းထား သည်။

ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အနှောင့်အယှက် များ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီမှ အရာရှိများက ပြောသည်။

လေဖိအားနည်းရပ်ဝန်းသည် ဖေဖော်ဝါရီ ၉ ရက်နံနက်ပိုင်းအထိ ဂျပန်နိုင်ငံ အလယ်ပိုင်းပစိဖိတ် ကမ်းရိုးတန်း ကမ်းလွန်တွင် ဖြစ်ထွန်းပေါ်ပေါက်မည်ဖြစ်ပြီး အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားသွားနိုင် သဖြင့် ကန်တိုကိုရှင်ဒေသတွင် လေအေးများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသအရာရှိများက ခန့်မှန်းထားသည်။

အဆိုပါလေအေးများကြောင့် ကန်တိုကိုရှင်ဒေသနှင့် ရှီဇူအိုကာ ခရိုင်တို့တွင် ဖေဖော်ဝါရီ ၉ ရက် နှင့် ၁၀ရက်များတွင် ဆီးနှင်းများကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ဆီးနှင်းများသည် တောင်ကုန်း ထူထပ်သော ဒေသများတွင်သာမက တိုကျိုနှင့် ကန်တိုတောင်ပိုင်းဒေသများတွင် ထူထပ်စွာ ကျဆင်း နိုင်သည်။

နောက် ၂၄ နာရီအတွင်း ဖေဖော်ဝါရီ ၁၀ ရက်အထိကန်တို ကိုရှင်ဒေသတွင် ဆီးနှင်းများ ငါးစင်တီမီတာမှ ၁ဝ စင်တီမီတာ အထိ ကျဆင်းနိုင်ပြီး တိုကျိုနှင့် ရှီဇူအိုကာတို့တွင် ငါးစင်တီမီတာအထိ ကျဆင်း နိုင်ကြောင်း သိရသည်။ အပူချိန်သည် ခန့်မှန်းထားသည်ထက် လျော့နည်းနိုင်သဖြင့် ဆီးနှင်းများ ယခုထက်ပိုမိုကျဆင်းနိုင်ကြောင်း မိုးလေဝသအရာရှိများကပြောသည်။ တိုကျိုတွင်ဆီးနှင်းများ ၁၀ စင်တီမီတာကျော်အထိ ကျဆင်းနိုင်သည်။

ပြည်သူများအနေဖြင့် မိုးလေဝသသတင်းများနှင့် သယ်ယူပို့ဆောင်ရေးသတင်းအချက်အလက်များကို အမြဲမပြတ်သတိထားရယူကြရန် တိုက်တွန်းထားသည်။

အင်န်အိတ်ချ်ကေ