ဖေဖော်ဝါရီ ၁၀

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၁၃၄ ဦးထပ်မံတွေ့ရှိခဲ့သောကြောင့် ကူးစက်ဖြစ်ပွားသူပေါင်း ၂၉၅၆၃၃၂ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ထပ်မံရောဂါကူးစက်ဖြစ်ပွားသူများအနက် ၁၇၀၀၄ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၃၀ သည် ပြည်ပကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ကိုးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၂၀၆၅ ဦးအထိ ရှိလာသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းသွားသူပေါင်း ၂၈၂၉၇၅၂ ဦး ရှိကြောင်းသိရသည်။

နိုင်ငံတစ်ဝန်းတွင် လက်ရှိကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၉၄၅၁၅ ဦးရှိပြီး ၁၄၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည်။

နိုင်ငံလူဦးရေ၏ ၈၀ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၈ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို