ဖေဖော်ဝါရီ ၁၀

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၁၂၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၁၈၅၃၆၁ ဦးရှိလာသည်ဟု  ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာအေဂျင်စီကဆိုသည်။

နိုင်ငံတစ်ဝန်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါနေ့စဉ် ကူးစက်ဖြစ်ပွားမှုသည် စံချိန်တင်မြင့်တက်လျက်ရှိသည်။


ပြီးခဲ့သည့်နေ့က ကိုဗစ်ကူးစက်ဖြစ်ပွားသူ ၄၉၅၆၇ ဦးရှိသော်လည်း ယခုကဲ့သို့ ကူးစက်ဖြစ်ပွားသူ ၅၄၀၀၀ ကျော်ရှိလာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။


ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၁၁၈၇၃ ဦးသည် ဆိုးလ်ဒေသတွင် နေထိုင်သူများဖြစ်သည်။ ဂျောင်ဂီပြည်နယ်တွင် ၁၇၇၃၈ ဦးနှင့် အင်ချွန်မြို့တွင် ၃၉၉၀ ဦးတို့အသီးသီးဖြစ်သည်။

အဆိုပါကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၆၉၆၃ ဦးအထိ ရှိလာသည်။

နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၄၄၁၇၀၃၈၉ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၂၈၇၃၅၆၀၃ ဦးရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို