ကျိုက်မရော     ဖေဖေါဝါရီ   ၁၂

မွန်ပြည်နယ်၊ကျိုက်မရော၌ ဖေဖေါ်ဝါရီ၁၂ရက်တွင် အများပြည်သူများ အလုပ်ပိတ်ရက်နှင့်ဌာနဆိုင်ရာဝန်ထမ်းများရုံးပိတ်ရက်ဖြစ်သဖြင့်ကျိုက်မရောမြို့ရှိထင်ရှားကျော်ကြားသောတန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့်ဆုတောင်းပြည့်ဘုရားကြီးဝန်းအတွင်း၌ဘုရားဖူးလာပြည်သူများနှင့်အပန်းဖြေအလည်အပတ်လာရောက်ကြသူများ
ဖြင့်တိုးမပေါက်အောင်စည်ကားလျက်ရှိကြောင်း သိရသည်။

ယနေ့တွင်ကျရောက်သော(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကိုဂုဏ်ပြုသောအားဖြင့်ရှင်​​ စောပုဘုရင်မကြီး၏သက်တော်(၆၂၈)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်စုပေါင်းထမနဲထိုးပြိုင်ပွဲများ၊ကိုလည်းစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာလာရောက်ကြည်ရူအားပေးသူများ၊စတုဒီတာအဖြစ်မွန်ရိုးရာရေစိမ်မုန့်ဟင်းခါးကျွေးသူများ၊ထမနဲကျွေးသူများ၊ရွေရင်အေးတိုက်ကျွေးသူများဖြင့်စည်ကားနေပြီးအနယ်နယ်အရပ်ရပ်မှဘုရားဖူးလာပြည်သူများ၊စတုဒီသာလာရောက်သုံးဆောင်သူများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။

  ချိုမြတ်မြတ်ထွေး(ကျိုက်မရော)