ဝါရှင်တန် ဖေဖော်ဝါရီ ၁၃
ဖိုက်ဇာနှင့် မော်ဒါနာ ကာကွယ်ဆေးတို့ကို တတိယအကြိမ် ထိုးပေးသည့်အခါ လေးလကြာမြင့်လာသည့်အခါ အစွမ်း ထက်မှုမှာ လျော့ကျသွားသည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ)၏ ဖေဖော်ဝါရီ ၁၁ ရက် ဖော်ပြချက်များအရ သိရသည်။
နည်းပါး
ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက် အစွမ်းထက်မှုမှာ လျော့ကျသွားကြောင်း မှတ်တမ်း တင်ထားသော်လည်း တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် အစွမ်းထက်မှု လျော့ကျခြင်းနှင့် ပတ်သက်၍မူ ဖော်ပြမှုများမှာ နည်းပါးနေသေးသည်။
ဆေးရုံပေါင်း ၉၃၄၀၈ ရုံ တွင် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ အိုမီခရွန်ကူးစက်မှု လွှမ်းမိုးနေသည့် ကာလများတွင် ကိုဗစ် -၁၉ အရေးပေါ်ဌာနတွင် ကာကွယ်ဆေး၏ အစွမ်းထက်မှုမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီး နှစ်လ အကြာတွင် ၈၇ ရာခိုင်နှုန်းရှိပြီး လေးလအကြာတွင်မူ ၆၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။
ကျဆင်းလာ
ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံတက်ရသည့်နှုန်းမှာလည်း ၉၁ ရာခိုင်နှုန်း ရှိပြီး တတိယအကြိမ် ကာကွယ် ဆေးထိုးပြီး လေးလအကြာ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရမှုနှုန်းမှာ ၇၈ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဖော်ပြထားသည်။
အေအက်ဖ်ပီ