လဟယ် ဖေဖော်ဝါရီ ၁၄
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ်တွင် လဟယ်မြို့နယ်ရှိ တောလောကျေးရွာ၊ မွန်နောက်ပြောင်ကျေးရွာနှင့် တွေးညှိကျေးရွာတို့တွင် ရေပေးရေးလုပ်ငန်းနှင့် ဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်းထံမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် တောလောကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း ၂ မိုင်၊ ဂါလန် (၁၀၀၀) ဆံ့ ရေကန်တည်ဆောက်ခြင်း၊ မွန်နောက်ပြောင်ကျေးရွာတွင် အလျား ၃၆ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၁၁ ပေရှိ ဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းနှင့် တွေးညှိကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း ၂ မိုင်၊ ဂါလန် (၁၀၀၀) ဆံ့ ရေကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အလားတူ မွန်တုံးညူ၊ ကျောက်ကယ်၊ ဟောက်ရပ်ရွာသစ်၊ နောက်ညူကျထောက်ရွာသစ်နှင့် တွေးထွေနောက်ကုန်း (ရွာဟောင်း) တို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွှေးကြူဇင်


