နေပြည်တော် ဖေဖော်ဝါရီ ၁၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၉၄ ဒသမ ၁၄၅၉) တန်၊ သစ်မာ (၁၅ ဒသမ ၈၃၃၈)တန်၊ အခြား (၂၇၇ ဒသမ ၄၄၅၃)တန်၊ စုစုပေါင်း (၃၈၇ ဒသမ ၄၂၅၀)တန်၊ တရားခံ (၅၄)ဦး၊ ယာဉ်/ယန္တရား (၂၁)စီး ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။

ညီညီသန်း (နေပြည်တော်)