နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆

 

တပ်မတော်(လေ)တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းလျက်ရှိသည့် တိုက်ခိုက်ရေးလေယာဉ် ၁ စီးသည် ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် လေ့ကျင့်ရေးဧရိယာ၌ လေ့ကျင့်ပျံသန်းစဉ် ဆက်သွယ်မှုပြတ်တောက်သွားခဲ့သဖြင့် လေယာဉ် ၁ စီးဖြင့် လိုက်လံရှာဖွေခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာ၏ အရှေ့ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း စက်ချို့ယွင်းကာ ပျက်ကျသွားခဲ့ကြောင်း သိရှိရပြီး မောင်းနှင်သူ လေသူရဲအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN