သီပေါ ဖေဖော်ဝါရီ ၁၇

ဒေသခံရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော သဗ္ဗညု မြတ်စွာဘုရားအား သနပ်ခါးအမွှေးနံ့သာ ဆီမီးတံပူပင် (တွန်လို)ဖြင့် မီးပူဇော်ခြင်းကို ဖေဖော်ဝါရီ ၁၅ ရက် (တပို့တွဲလပြည့်ည)က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် သမိုင်းဝင်ပေါ်ကြိုဘုရားကြီး၊ မဟာစည်အောင်တော်မူစေတီနှင့် လွယ်မှတ်တောင်ရွှေမောင်း သီလရှင်စာသင်တိုက်တို့တွင် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် နံ့သာဆီမီး (တွန်လို) ပူဇော်ပွဲများကို ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရှိ ဘုရားပုထိုးစေတီကျောင်းကန်များ၌လည်း ကောင်းမှုကုသိုလ် ဒါနပြုသူများဖြင့် စည်ကားလျက်ရှိသည်။

စိုင်း(သီပေါ)