ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တောစည်ပင်သာယာရဲတပ်ဖွဲ့ လိုင်းခန်း၌ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့အား ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချ ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၇) မြို့ပတ်လမ်းမကြီး မူလ ၂၂ ပေအကျယ်လမ်းကို ၄၆ ပေအကျယ် (၄) လမ်းသွား ရရှိရန် လမ်းပိုင်းအား ဝဲ/ယာ နှစ်ဖက်တိုးချဲ့၍ ကွန်ကရိခင်းကျင်းနေမှု၊ အမှတ် (၇) မြို့ပတ် လမ်းမကြီးနှင့် ဆက်စပ်နေသော ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ဘုရင့်နောင်လမ်း မူလ ၂၄ ပေ အကျယ်လမ်းကို ၄၈ ပေ အကျယ် (၄)လမ်း သွားရရှိရန် ဝဲ/ယာနှစ်ဖက်တိုးချဲ့၍ လက်မ ကွန်ကရိခင်းကျင်းပြီးစီးမှုနှင့် အမှတ်(၇) မြို့ပတ်လမ်းဆုံမှ လေးထောင့်ကန်ရပ်ကွက်အထိ အရှည် ၉၄၄၅ ပေရှိ (၂) လမ်းသွားလမ်းကို ကွန်ကရိခင်းကျင်း ပြီးစီးမှုတို့ကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင် အနံ့ဇုန်တွင် တည်ဆောက်မည့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site-FDS) မြေနေရာ သို့လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စိုက်/ မွေးရပ်ကွက် ဘုရင့်နောင်လမ်းနှင့် အမှတ်(၂) လမ်းဆုံရာ တြိဂံမြေကွက်လပ်တွင် အကောင်ထည်ဖော်မည့် ပန်းခြံမြေနေရာကို လည်းကောင်း၊ အမှတ်(၂) လမ်းနှင့် အမှတ်(၇) မြို့ပတ်လမ်းဆုံအနီးရှိ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန၊ မစို  စိုက်ပျိုးမွေးမြူရေးစခန်း သို့လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၅၁)ရပ်ကွက် ရှိမြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပ ုံသို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

 (သတင်းစဉ်)