နယူးယောက် ဖေဖော်ဝါရီ ၂

ကိုဗစ် -၁၉ ကပ်ရောဂါကာလအတွင်း အမေရိကန်ပြည်ထောင်စု၌ သေဆုံးသူဦးရေမှာ တစ်သန်းကျော် ရှိလာပြီဖြစ်ကြောင်း သည်ဂါဒီးယန်းတွင် ဖော်ပြထားသည်။

သေဆုံးသူအများစုမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အချို့မှာ ဆေးဘက်ဆိုင်ရာ ဂရုစိုက်မှုနည်းပါးမှု၊ ကျန်းမာရေးစနစ်တွင် ဝန်ပိမှုတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။

အမေရိကန်တွင် လူပေါင်း ၉၂၃၀၀၀ မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသည်ဟု အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာကပြောသည်။ အခြားသောသေဆုံးမှုများတွင် နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် အယ်ဇိုင်းမား ရောဂါတို့ကြောင့် သေဆုံးရခြင်းဖြစ်သည်။

အမေရိကန်အများစုမှာ ကိုဗစ်-၁၉ ကူးစက်ခံရစဉ်အတွင်း စောင့်ရှောက်မှုခံယူရန် အချိန်နှောင့်နှေးခြင်းနှင့် ကိုဗစ်-၁၉ ကြောင့် တိုင်းပြည်၏ ကျန်းမာရေးစနစ်ဝန်ပိမှုကြောင့် ပြုစုစောင့်ရှောက်ခံရမှု နည်းပါးခြင်းတို့ကို တွေ့ရှိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုများလည်းရှိရာ ကပ်ရောဂါ ဖြစ်ပွားသည့် ပထမနှစ်အတွင်း မူးယစ်ဆေးကြောင့် သေဆုံးရသူ ၁၀၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဆင်ဟွာ