နေပြည်တော် ဖေဖော်ဝါရီ ၂၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့်   တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့် အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။ 

ထိုသို့လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကရပ်ပြင်ရပ်ရှိ ရတနာမာန်အောင် သီလရှင်စာသင်တိုက်တွင် သီတင်းသုံးနေသော စာသင်သား သီလရှင်အပါး ၇၀ အတွက် ဆွမ်းဆန်တော် အခက်အခဲမရှိစေရန် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးရန်လင်းအောင်နှင့် ရုံးဝန်ထမ်းများမှ ဆွမ်းဆန် ၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၈ ပိဿာစသည့် လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများအား ပဓာန နာယက ဆရာကြီး၊ ဒေါ်ရူပသိင်္ဂီထံသို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်