ရန်ကုန်  ဖေဖေါ်ဝါရီ   ၂၁

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့  အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ၊ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် က အဖွင့်အမှာစကားပြောကြားသည်။ 

ထို့နောက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များအား အဖွဲ့၏အတွင်းရေးမှူး တိုင်းဥပဒေအရာရှိ ဦးမောင်မောင်တာ က ဖတ်ကြားပြီး တက်‌ရောက်လာကြသော အဖွဲ့ဝင်များက လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဥပဒေချုပ်၊ ဦးဌေးအောင်က ဆွေးနွေးတင်ပြချက်များ နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်