ဖေဖော်ဝါရီ ၂၄
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၁၉၉ ဦးထပ်မံတွေ့ရှိသဖြင့် ရောဂါကူးစက်မှုအမြင့်မားဆုံးနေ့ဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၃၃၀၅၁၅၇ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထပ်မံကူးစက်ခံရသူများအနက် ၁၁၉ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ပြည်တွင်းကူးစက်မှုဦးရေ ၃၁၀၈၀ ရှိသည်ဟု ဖော်ပြထားသည်။
ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၅၅ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၂၄၈၈ ဦးရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၀၃၉၉ ဦး ရှိပြီး ဆေးရုံများမှဆင်းသွားသူပေါင်း ၂၉၉၄၈၄၀ ရှိကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်းတွင် လက်ရှိရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၂၇၇၈၂၉ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၃၀၅ ဦးရှိသည်။
နိုင်ငံလူဦးရေ၏ ၈၂ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၈ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပြီးသူ ၄၃ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို