နေပြည်တော် ဖေဖော်ဝါရီ ၂၇

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးတို့သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဖောင်တော်ဦး မြတ်စွာဘုရားနှင့် အလိုတော်ပေါက်ဘုရားသို့ ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့ တာဝန်ရှိသူများထံ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ သာလေးတောင်ကျောင်းတိုက်ရှိ  ဒက္ခိဏသာခါ ရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုကာ ကျောင်းတိုက်ဆရာတော် ဦးနန္ဒောဘာသလင်္ကာရအား ဖူးမြော်ကြည်ညိုပြီး ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ညောင်ရွှေမြို့၊ မြို့မရန်ကုန် ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော် ဦးဗာကုလအား ဖူးမြော်ကြည်ညိုကာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် (၁၂၂ ဒသမ ၂၂) သိန်း တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ  အကျိုးခံစားခွင့်ရှိသူများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်