ပေကျင်း ဖေဖော်ဝါရီ ၂၈
ရုရှား၊ နေတိုးအဖွဲ့နှင့် ဥရောပသမဂ္ဂတို့အကြား လုံခြုံရေးကိစ္စရပ်များ ပြန်လည်ဆွေးနွေးရေး တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယမန်နေ့တွင် ပြောကြားသည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အနာလီနာဘဲဘွစ်နှင့် ဝမ်ယိတို့ကြား တယ်လီဖုန်းဖြင့် ဆွေးနွေးအပြီး ဝမ်ယိက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဥရောပဒေသအတွင်း ဟန်ချက်ညီပြီး အစွမ်းထက်ထိရောက်သော လုံခြုံရေးစနစ် ဖြစ်လာစေရန်အတွက် နေတိုးနှင့် သက်ဆိုင်ရာ နိုင်ငံများအကြား ဆွေးနွေးမှုများကို ကြိုဆိုကြောင်း ၎င်းက ပြောကြားသည်။
တရုတ်နိုင်ငံသည် လက်ရှိယူကရိန်းနိုင်ငံတွင် ဖြစ်ပွားနေသော အရေးအခင်းများကို စိုးရိမ်ပူပန်ပြီး အမြန်ဆုံးဖြေရှင်းသွား နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ယိကပြောကြားသည်။ တရုတ်နိုင်ငံသည် ယူကရိန်းအရေးအင်အားသုံး ဖြေရှင်း မှုကိုမလိုလားဘဲ ငြိမ်းချမ်းစွာဖြေရှင်းရန်သာ ဆန္ဒရှိကြောင်း ၎င်းကပြောကြားသည်။
ကိုးကား - စီဂျီတီအင်န်၊
ဘာသာပြန် - စိုးသူရ