တီဟီရန် ဖေဖော်ဝါရီ ၂၈
အီရန်နျူကလီးယားဆွေးနွေးပွဲအတွင်း ညှိနှိုင်းဆွေးနွေးရန် ကျန်ရှိနေသေးသော အချက်များကို ဆက်လက်ဖြေရှင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း အီရန်နျူကလီးယားထိပ်တန်းညှိနှိုင်းရေးမှူး အလီ ဘက်ဟာရီကာနီက ဖေဖော်ဝါရီလ ၂၇ ရက်က ပြောကြားသည်။
ယခုလက်ရှိဆွေးနွေးမှုများ၏ရလဒ်ကို ပြန်လည် သုံးသပ်၍ တရားဝင်တောင်းဆိုမှုများကို အီရန်က ပြုလုပ်သွားမည် ဖြစ်ကြောင်း အီရန်အမျိုးသား လုံခြုံရေးကောင်စီ၏ပြောကြားချက်အရ သိရသည်။
အီရန်သည် ၎င်း၏တောင်းဆိုချက်များကို အနောက်နိုင်ငံများသို့ တရားဝင်တောင်းဆိုပြီး ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမန် အဒိုလာဟင်က ပြောကြားသည်။ အီရန်သည် အနောက်အုပ်စုနိုင်ငံများနှင့် ၂၀၁၅ ခုနှစ်တွင် နျူကလီးယားအရေးသဘောတူညီချက်ရရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် အမေရိကန်က အဆိုပါသဘောတူညီချက်မှ နုတ်ထွက်ခဲ့သည်။ အီရန်ကလည်း အပြန်အလှန်အနေဖြင့် ၎င်း၏ နျူကလီးယား ထုတ်လုပ်မှုများကို ပြန်လည်ဆောင်ရွက်ခဲ့သည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ