ဖေဖော်ဝါရီ ၂၈

 

တောင်ကိုရီးယားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၉၆၂၆ ဦးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၁၃၄၄၅၆ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။

 

ယင်းရောဂါကူးစက်ဖြစ်ပွားမှုအရေအတွက်သည် ခြောက်ရက်အတွင်း ၁၄၀၀၀၀ အောက် လျော့နည်း လာခြင်းဖြစ် ကြောင်း ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ၏ပြောကြားချက်အရသိရသည်။

 

ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၂၇၉၁၁ ဦးသည် ဆိုးလ်ဒေသခံများဖြစ်ပြီး ဂျောင်ဂီပြည်နယ်မှ ၃၇၂၅၈ ဦးနှင့် အင်ချွန်မြို့မှ ၁၀၇၄၀ တို့ဖြစ်ကြသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၈၀၅၈ ဦးရှိလာသည်။

 

နိုင်ငံလူဦးရေ၏ ၈၇ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၄၄၃၅၈၈၈၈ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၁၃၅၉၅၃၉ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို