ဖေဖော်ဝါရီ ၂၈
မြောက်မက်စီဒိုးနီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ခုနစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူ ၉၀၀၁ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
တစ်ရက်အတွင်း ကိုဗစ်ကူးစက်ဖြစ်ပွားသူဦးရေ ၂၅၆၀ တွေ့ရှိခဲ့ရာ ၎င်းတို့အနက် ၃၇၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၂၉၇၀၈၁ ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၈၃၉၀၈ ဦးရှိကြောင်းအတည်ပြုထားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၄၁၇၂ ဦးရှိသည်။
ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၈ သန်းကျော်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ သို့ရာတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုသည် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို