ဖေဖော်ဝါရီ ၂၈

 

ဩစတြေးလျနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၀၀၀ ကျော်ထပ်မံတွေ့ရှိပြီး ၁၂ ဦးသေဆုံးခဲ့သည်။


 
ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂ ဦးတွင် နယူးဆောက်ဝေးမှ ခြောက်ဦး၊ ဗစ်တိုးရီးယားမှ သုံးဦး၊ ကွင်းစလန်၊ ဩစတြေးလျမြို့တော်ဒေသကြီး(အေစီတီ)နှင့် တောင်ပိုင်းဩစတြေးလျတို့မှ တစ်ဦးစီပါဝင်သည်။

 

ယမန်နေ့က အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၃၇ ဦး အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ကုသမှုခံယူနေသူ ၁၉၉၅ ဦးရှိသည်။

 

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေသည် နေ့စဉ်ပျမ်းမျှ ၂၃၀၈၂ ရှိသည်။

 

အေစီတီတွင် ကိုဗစ်ကူးစက်ဖြစ်ပွားသူဦးရေမှာ သုံးရက်ဆက်တိုက် ၅၀၀ အောက်လျော့ကျလာသဖြင့် အာဏာပိုင်များက ရောဂါကူးစက်ဖြစ်ပွားမှုတည်ငြိမ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ဩစတြေးလျနိုင်ငံမြောက်ပိုင်းဒေသကြီး ဝန်ကြီးချုပ် မီချယ် ဂန်နာက နယူးဆောက်ဝေး၊ ဗစ်တိုးရီးယားနှင့်အေစီတီဒေသတို့တွင် ရက်ပိုင်းအတွင်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့ပြီး ပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်မှုစည်းမျဉ်းကို ရုပ်သိမ်းသွားမည်ဟု ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို