ဆစ်ဒနီ ဖေဖော်ဝါရီ ၂၈

 

ဩစတြေးလျနိုင်ငံတွင် ရေကြီးမှုကြောင့် သေဆုံးသူဦးရေမှာ ရှစ်ဦးအထိရှိလာသည်ဟု သိရသည်။ တိုင်းပြည်၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် ရာသီဥတု အခြေအနေမှာ ဆိုးရွားလျက်ရှိသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရေစီးနောက်ကို လူနှစ်ဦးမျောပါသွားကြောင်း ကွင်းစလန်းပြည်နယ်မှ ရဲဌာနက ပြောသည်။ ရေစီးနှင့်အတူမျောပါသွားသူ နှစ်ဦးအနက်မှ တစ်ဦးကို ဘရစ္စဘိန်း မြောက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ပြည်နယ်အတွင်း ရာသီဥတုဆိုးရွားမှုကြောင့် သေဆုံးသူဦးရေမှာရှစ်ဦးအထိရှိလာပြီ ဖြစ်သည်။

 

ရေကြီးမှုကြောင့် လူပေါင်း ၁၅၄၀ မှာ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေရသည်ဟု ကွင်းစလန်း ပြည်နယ် ဝန်ကြီးချုပ် အနက်စတေးရှား ပလက် စကုဇ်က ပြောသည်။ နေအိမ်ပေါင်း ၁၈၀၀၀ ဝန်းကျင် ရေဘေးဒုက္ခကို ခံစားခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ဆင်ဟွာ