ဘရပ်ဆဲလ် ဖေဖော်ဝါရီ ၂၈

 

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏လေပိုင်နက်များအတွင်း ရုရှားလေယာဉ်များ ပျံသန်းခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ယမန်နေ့က ကြေညာလိုက်သည်။

 

မိမိတို့အနေဖြင့် ရုရှားလေယာဉ်များအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ လေပိုင်နက်များအတွင်း ပျံသန်းခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ပြီး ၎င်းပိတ်ပင်မှုတွင် ရုရှားနိုင်ငံက ပိုင်ဆိုင်သော သို့မဟုတ် ရုရှားနိုင်ငံတွင် မှတ်ပုံတင်ထားသော၊ ရုရှားနိုင်ငံ၏ ညွှန်ကြားမှုဖြင့် ပြေးဆွဲသော လေယာဉ်များအားလုံး အကျုံးဝင်ကြောင်း ၎င်းကပြောကြားသည်။

 

ထို့ပြင် ဥရောပသမဂ္ဂသည် ရုရှားအား စစ်ရေး အကူအညီပေးအပ်သော ဘီလာရုစ်သမ္မတ လူကာရှန်ကို ကိုလည်း အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ၎င်းကပြောကြားသည်။

 

ကိုးကား- စီဂျီတီအင်န်

ဘာသာပြန်- စိုးသူရ