ဝါရှင်တန် မတ် ၃

 

ယူကရိန်းနိုင်ငံ၌ ရုရှားက စစ်ဆင်ရေးများ ဆင်နွှဲနေခြင်းကို တုံ့ပြန်သည့်အနေဖြင့် ရုရှားလေယာဉ်များအား အမေရိကန်လေပိုင်နက်အတွင်း ပျံသန်းခွင့်ပိတ်ပင်လိုက်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယမန်နေ့တွင် နိုင်ငံတော်အခြေပြု မိန့်ခွန်းပြောကြားရာတွင် ကြေညာခဲ့သည်။

 

ပြောကြား

ဘိုင်ဒင်သည် အမေရိကန်သမ္မတအဖြစ် ပထမဆုံးအကြိမ် နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသည် ၎င်း၏ မဟာမိတ်နိုင်ငံများ ဆောင်ရွက်သည့် လေကြောင်းဆိုင်ရာ ကန့်သတ်ချက်များအတိုင်း အမေရိကန်လေပိုင်နက်တွင် ရုရှားလေယာဉ်များပျံသန်းခွင့်ကို ပိတ်ပင်လိုက်ကြောင်း ဘိုင်ဒင်က ပြောကြားသည်။ ။

 

အမေရိကန်၏ ယခုဆောင်ရွက်ချက်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့က ၎င်းတို့၏ လေပိုင်နက်များအတွင်း ရုရှားလေယာဉ်များအား လေကြောင်းပျံသန်းခွင့် ပိတ်ပင်ခဲ့ပြီးနောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရုရှားကလည်း အပြန်အလှန်အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေယာဉ်များကို ရုရှားနိုင်ငံသို့ ပျံသန်းခွင့်ပိတ်ပင်ခဲ့သည်။ အမေရိကန် တပ်ဖွဲ့ဝင်များသည် ယူကရိန်းနိုင်ငံရှိ ရုရှားတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မည်မဟုတ်ကြောင်း ဘိုင်ဒင်က ၎င်း၏မိန့်ခွန်းတွင် ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ