ဂျေရုဆလင် မတ် ၃
အာရပ်နိုင်ငံများရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ ၁၅၅ ဘီလီယံတန်ကြေးရှိသော စီမံချက်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စရေးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ယင်းစီမံချက်တွင် စွန့်ပစ်ပစ္စည်းများ ပြန်လည် သန့်စင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး တို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အစ္စရေးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောကြားသည်။
ပြီးခဲ့သောနှစ်များအတွင်းက အာရပ်နိုင်ငံများတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် နိုင်ငံသားများ၏ ကျန်းမာရေးနှင့် လူနေမှုပုံစံများကို ထိခိုက်ခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားသည်။ အာရပ်နိုင်ငံများရှိ စွန့်ပစ် ပစ္စည်းများ ပြန်လည်သန့်စင်ရေးနှင့် ပြန်လည်အသုံးပြုရေးကဏ္ဍ အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့တွင် လိုအပ်ချက်များ အများအပြား ရှိနေကြောင်း ၎င်းဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။ ။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-စိုးသူရ