တိုကျို မတ် ၃

 

ဂျပန်နိုင်ငံသည် ယူကရိန်းနိုင်ငံ၌ တင်းမာမှုများ မြင့်တက်လျက်ရှိစဉ် ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ရှိ ဂျပန်သံရုံးအား ယာယီပိတ်သိမ်းမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရက မတ် ၂ ရက်တွင် ပြောကြားသည်။

 

ဆက်ဆံရေးရုံးတည်ထောင်သွားမည် ဂျပန်နိုင်ငံသားများအား ယူကရိန်းနိုင်ငံမှ ထွက်ခွာနိုင်ရေး အထောက်အပံ့ ဖြစ်စေရေးအပါအဝင် ယူကရိန်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ယူကရိန်း နိုင်ငံမြောက်ပိုင်း အယ်လ်ဗစ်မြို့၌ ဆက်ဆံရေးရုံးတစ်ရုံး တည်ထောင်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ဂျပန်နိုင်ငံသား ၁၂၀ ခန့်သည် ဖေဖော်ဝါရီ ၂၇ ရက်အထိ ယူကရိန်းနိုင်ငံ၌ ဆက်လက် နေထိုင်နေဆဲဖြစ်ခြင်းကြောင့် ဂျပန်အစိုးရသည် ဂျပန်နိုင်ငံသားများအား ယူကရိန်းနိုင်ငံမှ ထွက်ခွာရန် တိုက်တွန်းထားကြောင်း သိရသည်။

 

ဂျပန်နိုင်ငံသားများအနေဖြင့် မည်သည့်အကြောင်းကိစ္စနှင့်မျှ ယူကရိန်းနိုင်ငံသို့ ခရီးမသွားသင့်ကြောင်း ဂျပန်အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူမက်ဆူနိုက မတ် ၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်