မတ် ၃
တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်ရာတွင် အဆင့်တစ်ခုသို့ရောက်ရှိလာသဖြင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်အများအပြား ဖြေလျှော့ပေးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာက ယမန်နေ့က ပြောကြားသည်။
ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်မှုသည် အထူးသဖြင့်ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအပေါ် မူတည်မည်ဖြစ်ကြောင်း တူရကီနိုင်ငံ၏ကိုဗစ်-၁၉ ဆိုင်ရာသုတေသနဘုတ်အဖွဲ့၏ အစည်းအဝေး ပြုလုပ်ပြီးနောက်တွင် ကိုကာက ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံသားများအနေဖြင့် ယင်းကူးစက်မှုရောဂါလက္ခဏာမပြပါက စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်မည်မဟုတ်ဟု ၎င်းကဆိုသည်။
ကိုဗစ်ရောဂါဆိုင်ရာအကွာအဝေးစည်းမျဉ်းကိုလိုက်နာပါက လေဝင်လေထွက်လုံလောက်မှုရှိသော အမိုးအောက် အတွင်း ပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် မလိုအပ်တော့ပဲ အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်ရခြင်းကို ရုပ်သိမ်းခဲ့ကြောင်း ကိုကာက ပြောသည်။
နိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကန့်သတ်ချက်များကို ဖြည်းဖြည်းချင်းဖြေလျှော့ပေးခဲ့သည်။
ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသူများအနေဖြင့် လူအများအပြားရှိရာပွဲတော်များသို့ဝင်ရောက်လျှင် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းကို ရုပ်သိမ်းခဲ့သည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ သီးခြားနေထိုင်မှုကို ခုနစ်ရက်အထိ လျှော့ချခဲ့သည်။
တူရကီနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၆၇၈၀ ထပ်မံတွေ့ရှိခဲ့ပြီး ၁၈၉ ဦး ထပ်မံသေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို