မတ် ၃
ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၃၇၀ သေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၆၅၀၀၀၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၉၉၅ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကိုဗစ်ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၈၄၂၁၆၀ အထိ မြင့်တက်လာသည်ဟု သိရသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှုန်းမှာ လူတစ်သိန်းလျှင် ၁၃၇၂၅ ဦးဖြစ်ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းသည် လူတစ်သိန်းလျှင် ၃၀၉ ဦးဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နိုင်ငံသည် ပထမအများဆုံးနိုင်ငံဖြစ်ပြီး ဘရာဇီးသည် ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။
နိုင်ငံလူဦးရေအများအပြား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်သဖြင့် ပြီးခဲ့သည့်နှစ် ဒုတိယနှစ်ဝက်တွင် ကိုဗစ်ရောဂါကူးစက်မှုနှင့်သေဆုံးမှုများ လျော့ကျလာသော်လည်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား လာသောကြောင့် ထပ်မံကူးစက်မှုများမြင့်မားလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို