မတ် ၃
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ကတ်တာမြို့တွင် ယမန်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူသုံးဦးထက်မနည်းသေဆုံးပြီး အခြား ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး ပြောကြားသည်။
နိုင်ငံအနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ်ရှိ လူစည်ကားရာဈေးတွင် ရဲကားတစ်စီး အနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ထိုပေါက်ကြွမှုဖြစ်ပွားရာနေရာသို့ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။
ဒဏ်ရာရရှိသူငါးဦးသည် ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။
ဗုံးရှင်းလင်းရေးအဖွဲ့သည် ထိုပေါက်ကွဲနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များသည် ထိုနေရာတစ်ဝိုက်ကိုပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို