နေပြည်တော် မတ် ၄

 

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

 

ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ယမန်နေ့နံနက် ၄ နာရီခွဲခန့်တွင် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ် ဝင်းကံ ကျေးရွာဟောင်း၏ မြောက်ဘက် မီတာ ၃၀ ခန့်အကွာရှိ ကျုံမကူးချောင်း သံကူ ကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏မြောက်ဘက် ကမ်းကပ် ခုံအောက် အရှည်ပေ ၅၀ တစ်ကန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်နှင့် အပြစ်မဲ့ ပြည်သူများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ ကျုံမကူးချောင်း သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခဲ့သည့် အကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်