မတ် ၄
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဧပြီလတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ခံမည်ဟု ပြောကြားသည်။
မက်ခရွန်သည် လွန်ခဲ့သော ငါးနှစ်က ပြီးခဲ့သည့်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိစဉ်က အသက် ၃၉ အရွယ်ပင်ရှိသေးသည်။ ပြင်သစ်နိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံးသမ္မတဖြစ်လာခဲ့သည်။
ယူကရိန်းအရေးအတွက် ကြားဝင်စေ့စပ်ဖျန်ဖြေပေးသူအဖြစ်လည်း မက်ခရွန်သည် ဒီဇင်ဘာမှစတင်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၁၃ ကြိမ်တိုင် ဆွေးနွေးပြောဆိုခဲ့သည်။
ရွေးကောက်ပွဲအကြို လူထုသဘောထားစစ်တမ်း ကောက်ယူရာတွင် မက်ခရွန် ဦးဆောင်နေသည်။
ပြီးခဲ့သည့်သမ္မတရွေးကောက်ပွဲတွင် လက်ယာစွန်းခေါင်းဆောင် လီပန်နှင့်မက်ခရွန်တို့ မဲအရေအတွက်တိုက်နေသဖြင့် ထပ်မံမဲပေးခဲ့ရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို