ဝါရှင်တန် မတ် ၆

အမေရိကန်နိုင်ငံရှိ ကလေးငယ်အများစုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အမေရိကန်ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာ၏ စစ်တမ်းတစ်ရပ်အရ သိရသည်။

အမေရိကန်ပြည်သူ သန်း ၁၄၀ ကျော်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း အဆိုပါ စင်တာ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

မကြာသေးမီက စစ်တမ်းတစ်ရပ်အရ အမေရိကန်နိုင်ငံ၏ လူဦးရေ ၄၃ ရာခိုင်နှုန်းခန့်သည် ကိုဗစ်( ၁၉ ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သည်ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

အသက်အရွယ်အပိုင်းအခြားအလိုက် ရောဂါကူးစက်မှုနှုန်းများကို နှိုင်းယှဉ်ကြည့်ရာတွင် ကလေးငယ်များနှင့် လူငယ်များတွင် ရောဂါကူးစက်မှု ပိုမိုမြင့်မားလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်