ဇီးကုန်း     မတ် ၆
         
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရေတာရှည်ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က  မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
        
ဖြစ်စဉ်မှာ  ရေတာရှည်ကျေးရွာနေ ဦးဇော်ဝင်း၏ နေအိမ်မီးဖိုမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး  မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်၍ ကျေးရွာသူရွာသားများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။
         
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်(၁၅)လုံး  မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် အဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးများထံတွင် နေရာချထားစီစဉ်ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)