မတ် ၇

 

ဂျပန်နိုင်ငံတွင် ခရိုင် ၃၁ ခုရှိသည့်အနက် ခရိုင် ၁၃ ခုတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တစ်စိတ်တစ်ပိုင်းအရေးပေါ်စီမံချက် ယမန်နေ့က ရုပ်သိမ်းခဲ့သည်။

 

အဆိုပါဒေသများရှိ ခရီးသွားလုပ်ငန်းများက ခရီးသွားများပိုမိုလာရောက်ရန် မျှော်လင့်လျက်ရှိသော်လည်း သတိပေးချက်များ ဆက်လက်ရှိနေဆဲဖြစ်သည်။

 

ထမင်းစားခန်းပါသည့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားပွဲထက်ဝက်လျှော့ချခြင်းနှင့် ဆိုင်ဖွင့်ချိန်တစ်နာရီအချိန်လျှော့ချခြင်းတို့ကို ဆောင်ရွက်ကာ ကိုဗစ်ကူးစက်မှုတိုက်ဖျက်ရေးဆိုင်ရာ စီမံချက်များကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

အလုပ်သမားတစ်ဦးကမူ ၎င်းအနေဖြင့် ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ ရုပ်သိမ်းခြင်းကိုကြိုဆိုသော်လည်း ကိုဗစ်ကူးစက်မှုကိုကာကွယ်ရန် ဆက်လက်သတိထား လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 

တိုကျို၊ အိုဆာကာနှင့် အိုင်းချိခရိုင်အပါအဝင် ခရိုင် ၁၈ ခုတို့တွင် ကိုဗစ်ရောဂါဆိုင်ရာ တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေ စီမံချက်များကို မတ်လ ၂၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို