နေပြည်တော် မတ် ၇

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေး) နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)ဖြင့် ပြည်တွင်း၊ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ပြည်တွင်း/ ပြည်ပမှ ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များတို့မှ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်‌တော်ရ သီလရှင်ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရလူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၂ ဦး၊ စုစုပေါင်း ၁၁၁ ပါး/ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း မတ် ၅ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ကျန်ရှိသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဖြစ်သည့် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၂၈ ပါး၊ သီလရှင်ဆရာကြီး ၇ ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၁ ပါး၊ သီလရှင် ဆရာကြီး ၁၈ ပါး၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါး၊ ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ မဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၂ ပါး၊ သီလရှင်ဆရာကြီး ၆ ပါး၊ လူပုဂ္ဂိုလ် ၂ ဦး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၂ ပါး၊ သီလရှင်ဆရာကြီး ၇ ပါး၊ လူပုဂ္ဂိုလ် ၆ ဦး၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၀ ပါး၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၀ ပါး၊ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၁ ဦး၊ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၆ ဦး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၂ ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၃ ဦး၊ သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၄ ဦး စုစုပေါင်း ၂၃၄ ပါး/ ဦး တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စား နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်(၂၀၂၂ ခုနှစ်၊ မတ်လ ၁၆  ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ  ၁ နာရီတွင် တစ်ချိန်တည်း ကျင်းပသွားမည်ဖြစ်ပါကြောင်း သိရသည်။

သတင်းစဉ်