မတ် ၈

 

အင်ဒိုနီးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၁၃၈၀ ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၅၇၇၀၁၀၅ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကပြောကြားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၅၈ ဦးသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၁၅၀၄၃၀ ရှိသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူဦးရေ ၄၈၈၀၀ ရှိသဖြင့် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူပေါင်း ၅၁၇၁၄၀၂ ဦးရှိသည်။

 

အင်ဒိုနီးရှားအစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရန် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၁၉၂ ဒသမ ၀၆ သန်းကျော်ရှိသည်။ ၁၄၈ ဒသမ ၀၂ သန်းကျော်မှာ ကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

တရုတ်နိုင်ငံကထုတ်လုပ်သော ကိုဗစ်ရောဂါကာကွယ်ဆေး ဆီနိုဗက်ကို အရေးပေါ်အသုံးပြုရန် သက်ဆိုင်ရာအာဏာပိုင်များက အတည်ပြုခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို စတင်လုပ်ဆောင်ခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၅၂ ဒသမ ၅၇ သန်းကျော်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို