မတ် ၈
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၉၃ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ထိုရောဂါကူးစက်ခံရသူပေါင်း ၄၂၉၇၁၃၀၈ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၈ ဦးရှိလာပြီး နိုင်ငံတစ်ဝန်းတွင် သေဆုံးသူပေါင်း ၅၁၅၂၁၀ ရှိလာသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၄၉၉၄၈ ဦးရှိပြီး ကိုဗစ်ဖြစ်ပွားဆဲလူနာဦးရေ ၅၀၀၀၀ အောက်ကျဆင်းလာသည်မှာ ကူးစက်ဖြစ်ပွားမှုလပေါင်းများစွာကြာမြင့်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။
ကိုဗစ်ရောဂါကူးစက်မှုကျဆင်းလာသည်မှာ ၄၃ ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။
ဆေးကုသမှုခံယူပြီးနောက် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံများမှဆင်းသွားသူ ၈၀၅၅ ဦးရှိပြီး ယခုအချိန်အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၄၂၄၀၆၁၅၀ ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို