မုံရွာ မတ် ၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာမြို့နယ် ဦးစီးမှူးရုံးသည် ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်များ ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် မတ် ၈ ရက် နံနက် ၁၀ နာရီက မုံရွာမြို့နယ် အောင်ချမ်းသာရပ်ကွက် ဂေါက်ကွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆန်းမင်းအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ လာရောက်ပြုလုပ်ကြသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦး ရပိုင်ခွင့်ရှိသည့် နိုင်ငံသားအခွင့်အရေးများ အပြည့်အဝရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်သည်ကို ပြည်သူအားလုံး သိရှိနားလည်ကြရန် လိုအပ်ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုအကြောင်း ရှင်းလင်းပြောကြားပြီးနောက်    အောင်ချမ်းသာရပ်ကွက်မှ  ပြည်သူ (၄၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ‌ပြုလုပ်ပေးခဲ့သည်။

မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်လိုပါက  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)