တာချီလိတ်   မတ်   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)အနီးမှ ဟောင်လိတ်စက်မှုဇုန်အနီး ဦးထွန်းအောင်တံတားအထိ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သော တောင်သူ လေးဦးအား လျော်ကြေးငွေပေးအပ်ခြင်းကို မတ် ၈ ရက် မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မြို့ရှောင်လမ်းဖောက်လုပ်ရာ၌ လမ်းနယ်အတွင်းပါဝင်သော လယ်ယာမြေနှင့် အိမ်ခြံမြေပိုင်ရှင် ၁၉၆ ဦးအနက် ၂၀၁၉ ခုနှစ်၊ သြဂုတ် ၆ ရက်မှ ၂၀၂၁ ခုနှစ်၊ မေ ၁၄ ရက်အထိ တောင်သူ ၁၈၁ ဦးအား စုစုပေါင်း လျော်ကြေးငွေ ကျပ် ၂၆၁၅,၁၉၁,၈၅၀ ပေးအပ်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိသော တောင်သူ ၁၄ ဦးအနက် လေးဦးအား မြို့နယ်မြေယာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက လျော်ကြေးငွေ စုစုပေါင်း ၁၁၄၃၀၀၀၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးအဖြစ် လန-၃၉ ကျပြီးသော အိမ်ခြံမြေ ပေ ၄၀ x ၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၉၀ နှုန်းနှင့် လန-၃၉ ကျပြီးသော လယ်ယဥယျာဉ်ခြံမြေနှင့် မြေလွတ် မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း ၁၉၀ နှုန်းဖြင့် လျော်ကြေးပေးအပ်ခြင်းဖြစ်ပြီး လျော်ကြေးပေးရန် ကျန်ရှိသော လယ်ယာမြေနှင့် အိမ်ခြံမြေပိုင်ရှင် ၁၀ ဦးအား ဆက်လက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထံမှ သိရှိရသည်။

ယာဆေး(ပြန်/ဆက်)