နေပြည်တော်    မတ်    ၉

နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနက ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်အတွင်း ငါးမျိုးစိတ် စိုက်ထည့်ခြင်းကို မတ် ၉ ရက် နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာ ပေါင်းလောင်းမြစ်ကမ်း၌ ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ရာတွင် နေပြည်တော် ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး (ညွှန်ကြားရေးမှူး) ဒေါ်ညိုညိုအေး၊ ရေဆင်းငါးလုပ်ငန်းစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးပိုင်၊ ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက ထိုင်းငါးခုံးမ သားပေါက်ကောင်ရေ လေးသိန်းကို ပေါင်းလောင်းမြစ်အတွင်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)