မတ် ၉

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် နှစ်နှစ်ကြာရပ်နားထားခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများ ပုံမှန်ပြန်လည်စတင်မည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။

 

အစိုးရက ပုံမှန်လေကြောင်းခရီးစဉ်များကို မတ်လ ၂၇ ရက်တွင် ပြန်လည်စတင်မည်ဟု ယမန်နေ့ကကြေညာခဲ့သည်။ ထိုလေကြောင်းခရီးစဉ်များကို ကိုဗစ်ကူးစက်ဖြစ်ပွားမှုကြောင့် ၂၀၂၀ မတ်လက ရပ်နားထားခဲ့ရသည်။

 

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ပိုမိုများပြားလာသဖြင့် ယင်းလေကြောင်းလိုင်းများကို ပြန်လည်စတင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

 

အိန္ဒိယနိုင်ငံတွင် မကြာသေးမီရက်များအတွင်း ကိုဗစ်ကူးစက်မှုတည်ငြိမ်လာပြီး ယမန်နေ့က ရောဂါကူးစက်ခံရသူ ၃၉၃၃ ဦး ထပ်မံတွေ့ရှိသည်။

 

အဆိုပါလေကြောင်းခရီးစဉ်များတွင် လိုက်ပါသူများအနေဖြင့် မထွက်ခွာမီ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိကြောင်း စမ်းသပ်စစ်ဆေးချက်လက်မှတ်များ လိုအပ်မည်ဟု သိရသည်။ 

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို