ဖြူး မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာန ငါးခုထားရှိထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၅၄၈ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။
“မတ် ၃၁ ရက်မှာ ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲမှာဆိုရင် ဖြူးမြို့နယ်အနေနဲ့ စာစစ်ဌာန ငါးခုရှိပါတယ်၊ အထက(၁) ဖြူးမှာ ၆၇၈ ဦး၊ အထက(၁) ကညွတ်ကွင်းမှာ ၂၁၆ ဦး၊ အထက(၂) ဇေယျဝတီမှာ ၃၅၇ ဦး၊ အထက ဝဲကြီးမှာ ၁၃၇ ဦး၊ အထက ညောင်ပင်သာမှာ ၁၆၀ စုစုပေါင်း ၁၅၄၈ ဦး ဖြေဆိုဖို့ လျှောက်လွှာတင်ထားပြီး ဖြစ်ပါတယ်”ဟု မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်က ပြောပြသည်။
နေမျိုးလွင်(ပြန်/ဆက်)


