မတ် ၁၀

 

မော်ရိုကိုနိုင်ငံ အယ်လ်ဂျာဒီဒါကမ်းလွန်တွင် ယမန်နေ့မနက်ပိုင်းက ငါးဖမ်းလှေတစ်စီးနစ်မြုပ်မှုဖြစ်ပွားသဖြင့် လူနှစ်ဦးထက်မနည်းသေဆုံးပြီး ငါးဦးပျောက်ဆုံးလျက်ရှိသည်။

 

အဆိုပါသေဆုံးသူနှင့်ပျောက်ဆုံးနေသူများသည် ငါးဖမ်းလှေသမားများဖြစ်ကြသည်ဟု ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး မော်ရိုကိုစီးပွားရေးနေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

 

ထိုငါးဖမ်းလှေသည် အယ်လ်ဂျာဒီဒါငါးဖမ်းဆိပ်ကမ်းလွန်မှ မီတာ ၆၀၀ အကွာတွင် နစ်မြုပ်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ပြောကြားချက်အရ သိရသည်။

 

တော်ဝင်ရေတပ်နှင့်လေတပ်တို့ဖြင့် ထိုပျောက်ဆုံးနေသူငါးဦးကို ကယ်ဆယ်ရှာဖွေရေးလုပ်ဆောင်နေသည်ဟု အာဏာပိုင်များကပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို