မတ် ၁၀
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတသစ်ရွေးကောက်ပွဲပြုလုပ်နေစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကူးစက်ခံရသူဦးရေ ၃၀၀၀၀၀ ကျော် ထပ်မံတွေ့ရှိခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် အင်္ဂါနေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၂၄၄၆ ဦး ရှိခဲ့သည်။
တောင်ကိုရီးယားအစိုးရက နိုင်ငံသားများအား ပီစီအာစမ်းသပ်စစ်ဆေးမှု အခမဲ့လုပ်ဆောင်နိုင်သည့်နေရာများကို ဆိုးလ်မြို့တော်တစ်ဝှမ်းတွင် တည်ထောင်ပေးထားသည်ဟု သိရသည်။
ရီယူအီဒိုခရိုင်တွင် ယမန်နေ့မနက်အစောပိုင်းမှစတင်ကာ ကိုဗစ်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုလုပ်ဆောင်ရန် လူအများတန်းစီနေကြသည်။
နိုင်ငံအတွင်း အင်္ဂါနေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅ သန်းကျော်ရှိလာသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေသည် သီတင်းပတ်တစ်ပတ်အတွင်း နှစ်သန်းမှသုံးသန်းသို့ရောက်ရှိသွားပြီး လေးသန်းသို့ရောက်ရှိရန် အချိန်ငါးရက်၊ ငါးသန်းသို့ရောက်ရှိရန် လေးရက်သာကြာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို