နေပြည်တော် မတ် ၁၁
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်းလိုက် ဒုတိယဆု ဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန် စိုက် ဆုဖလားအပ်နှံသည့် အခမ်းအနားကို မတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂေါက်သီးပြိုင်ပွဲတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်ကိုယ်စားပြု ဆုတံဆိပ်များ အသီးသီးဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အုပ်ချုပ်သူနှင့် အားကစားသမားများအားလုံးကို နေပြည်တော်ကောင်စီမှ အထူးပင်ဝမ်းမြောက်ဂုဏ်ယူမှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ဂေါက်သီးကစားခြင်းသည် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တိုးတက်ပြီး လူမှုဆက်ဆံရေး နယ်ပယ် (မိတ္တဗလ) ပိုမိုကျယ်ပြန့်စေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခုရရှိလာသည့် ရလဒ်များကိုထိန်းသိမ်းပြီး ပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဆက်လက်ယှဉ်ပြိုင် ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်ထံ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကိုယ်စားပြု Golf အသင်းက အမျိုးသားအသင်း လိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုဖလား အပ်နှံသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက ပြည်ထောင်စုနယ်မြေ နေပြည်တော် ကိုယ်စားပြု Golf အသင်း၊ အမျိုးသားအသင်းလိုက် ဒုတိယ ဆုဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိခဲ့ကြ သည့် အားကစားသမား များအား ဂုဏ်ပြုဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကိုယ်စားပြုအသင်းက အမျိုးသမီး အကျောမဲ့အသင်း လိုက်ပြိုင်ပွဲတွင် ပထမတံခွန်စိုက် ဆု၊ အမျိုးသမီးတစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆု၊ အမျိုးသမီးတစ်ဦးချင်း အကျောပေးပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု၊ အမျိုးသား အကျောမဲ့ အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု၊ အမျိုးသားတစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆုနှင့် တတိယ ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်