မတ် ၁၁

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၇၈၇ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၃၇၄၁၉၈၆ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၃၀၁၇၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၆၀၈ ဦးသည် ပြည်ပ ကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လူ ၇၀ ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၃၅၆၇ ဦးရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၁၄၄၂၀ ရှိပြီး ၃၈၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်။

 

နိုင်ငံတစ်ဝန်းတွင် လူဦးရေ၏ ၇၈ ဒသမ ၉ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှုခံယူပြီးဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၄၆ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို