နေပြည်တော် မတ် ၁၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ(၁)ခု၊ ယာဉ်စီးရေ (၂) စီးဖြင့် နှာခေါင်းစည်း (Mask) (၁၃) တန်ကို တင်သွင်းခဲ့သည်။
၂၀၂၂ ခုနှစ်၊ မတ် (၁) ရက်မှ (၁၂) ရက်အတွင်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ Oxygen အိုးခွံ (၄၈၀)၊ Oxygen Concentrator အခု (၁၀၀) ၊ လက်အိတ် (၇) တန်နှင့် ကုန်သွယ်ရေးစခန်းများမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ (၂) စီးဖြင့် နှာခေါင်းစည်း (Mask) တန် (၂၀) တင်သွင်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)


