ဟိုပုံး မတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ရှိ ပေါင်းလောင်းချောင်း သဘာဝရေပြင်တွင် ငါးသားပေါက်ကောင် တစ်သိန်းကို ယနေ့နံနက် ၁၀ နာရီက စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုဖမ်းယူစားသုံးနိုင်ရေးနှင့် ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသည့် မိသားစုများ တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာစေရေးအတွက် သဘာဝ၊ မြစ်၊ ချောင်း၊ ဆည်၊ တာတမံကန်များအတွင်း ငါးမျိုးများ စိုက်လျက်ရှိကြောင်း သိရသည်။
ထို့သို့စိုက်ထည့်ရာတွင် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ငါးမြစ်ချင်း၊ ငါးခုံးမ သားပေါက်ကောင်ရေ စုစုပေါင်း တစ်သိန်း စိုက်ထည့်ခဲ့ကြသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)


