တောင်ငူ မတ် ၁၃

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မတ် (၁၂) ရက် မွန်းလွဲပိုင်းက တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဘုရင့်နောင်ခန်းမ၌ တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီ ဖူလုံပိုလျှံနိုင်ရေး ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ က တောင်ငူခရိုင် ဒေသဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊  ခရိုင်စည်ပင်သာယာရေးအဖွဲ့က ရန်ကုန်-မန္တလေး လမ်းဘေး ရေမြောင်းတူးဖော်ခြင်းနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်းပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့ ကေတုမတီမြို့တော်ခန်းမ ပြန်လည်ပြုပြင်နေမှု၊ ရန်ကုန်မန္တလေး လမ်းဘေးဝဲယာ ရေနုတ်မြောင်း ပြန်လည်တူးဖော်နိုင်ရေးနှင့် မင်းကြီးညိုရုပ်တုပန်းခြံ ပြန်လည်မွမ်းမံနိုင်ရေးတို့ကို ကြည့်ရှုပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများအား မှာကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခပေါင်းခန်းမနှင့် တောင်ငူမိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ကာ ရုံးမြေနေရာ လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး သင်တန်းဆရာမများအား ထောက်ပံ့ငွေများပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေတာရှည်မြို့နယ်၊ ဖိုးကြာညိုကျေးရွာရှိ တောင်သူ (၁၇) ဦးပိုင် လယ်မြေဧရိယာဧက (၁၀၀) ကို စနစ်တကျ လယ်ယာဖော်ထုတ်၍ နွေစပါးစိုက်ပျိုးပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တစ်နှစ်သုံး သီးစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ တောင်သူ (၁၇) ဦးအတွက် ဓာတ်မြေဩဇာ (၃၄) အိတ် ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးမည့် စီမံချက် ရှင်းလင်းတင်ပြခဲ့မှုအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားပြီး တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စု၊ မဝါကျေးရွာ စစ်တောင်မြစ်ကမ်းတစ်လျှောက် ဆီထွက်သီနှံ ဆင်းရွှေကြာ(၂) နေကြာသီးသန့်(၁၀၄) ဧက အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်