ပေကျင်း မတ် ၁၄

 

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရေအတွက် မြင့်တက်လာသည့်အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တရုတ် ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။

 

တရုတ်နိုင်ငံပြည်မကြီးရှိ ဒေသ ၁၉ ခု၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၀၇ ဦးအား ယနေ့ စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ ရောဂါကူးစက်ခံရသူ အားလုံးသည် ဒေသတွင်း ကူးစက်ခံရသူများဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

 

ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသည့် ဒေသများ၌ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို တင်းကျပ်စွာ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်ဒုတိယဝန်ကြီးချုပ်ဆွန်ချွန်လန်က တိုက်တွန်း ပြောကြားသည်။

 

လက်ရှိအချိန်အထိ ပြည်မကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၄ ဒသမ ၁၈ သန်းကျော် ထိုးနှံပြီးဖြစ်ပြီး နိုင်ငံတစ်ဝန်း၌ ကာကွယ်ဆေး အလုံးရေ ၃ ဒသမ ၁၉ ဘီလီယံနီးပါး ထိုးနှံပေးပြီး ဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်