နတ်မောက် မတ် ၁၄

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပိတောက်ငုပ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုဘိုင်းစနစ်ဖြင့် ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက နတ်မောက်မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများနှင့် သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကင်းဝေးစေရန် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်၍ ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်နှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးခြင်းကို ဆေးထိုးအဖွဲ့ (၅)ဖွဲ့ခွဲကာ ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သင်းသင်းမြတ်

မြို့နယ်(ပြန်/ဆက်)